
တနင်္သာရီတိုင်းဒေသကြီးတွင် ဒူးရင်းသီးထွက်ရှိသော အချိန်ကာလဖြစ်သော မတ်လမှ ဇွန်လအထိ ဒူးရင်းသီးနှင့်ယှဥ်တွဲ၍ စားသုံးရသော ရာသီပေါ်သီးနှံ မင်းဂွတ်သီးများမှာလည်း အပြိုင်ထွက်ရှိကြပါသည်။
ယခု မေလပထမအပတ်အတွင်း မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ၅၀၀/၆၀၀ ကျပ်၊ အလုံးသေးတစ်လုံးလျှင် ၃၀၀ ခန့် စျေးနှုန်းအသီးသီးများဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးအရှေ့တွင် ရောင်းချလျက်ရှိသော ဒူးရင်းသီးနှင့်မင်းဂွတ်သီး ရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)