Main menu

ထားဝယ်မြို့ ရာသီပေါ် ဒူးရင်းသီးစျေးနှုန်း

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီးတွင် အသီးမှာ ဘုရင်ဟုတင်စားကြသော ဒူးရင်းပင်များစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိပြီး ဒူးရင်းသီးထွက်ရှိသောအချိန်မှာ မတ်လမှ ဇွန်လအထိထွက်ရှိပြီး မေလနှင့် ဇွန်လများတွင် ဒူးရင်းသီးလှိုင်လှိုင်ထွက်ရှိပါသည်။

          ယခု မေလပထမအပတ်အတွင်း ဒူးရင်းသီးစျေးနှုန်းများမှာ အလုံးကြီးတစ်လုံးလျှင် ၁၃၀၀၀/ ၁၅၀၀၀ ကျပ်၊ အလတ်ဆိုဒ်တစ်လုံးလျှင် ၈၀၀၀/၁၀၀၀၀ ကျပ်၊ အသေးဆိုဒ်တစ်လုံးလျှင် ၅၀၀၀/၆၀၀၀ ကျပ်ခန့် စျေးနှုန်းအသီးသီးများဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးအရှေ့တွင် ရောင်းချလျက်ရှိသော ဒူးရင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)