
ယခုအခါတန်ခူးလတွင် မန်ကျည်းရွက်များရွက်နုဝေချိန်ဖြစ်၍ မန်ကျည်းရွက်များ ဈေးကွက် အတွင်းဝင်ရောက်လာပြီး ရောင်းချနေကြောင်းသိရှိရပါသည်။ မန်ကျည်းရွက်များမျာ ပြည်မြို့ အရှေ့ဘက်ရှိ ဇီးအုပ်ရွာ၊ နတ္တလင်းရွာ၊ ထန်းပေါက်ရွာ၊ မှော်ဇာ၊ ပြည်မြို့အနောက်ဘက်ကမ်း သစ်စိမ့်ပင်၊ ရွှေဘုံသာ၊ မန်ကျည်းစုကျေးရွာများမှ မြို့အတွင်းရှိ ဈေးကွက်များသို့ ဝင်ရောက်မှုရှိပြီး ဈေးကွက်အတွင်းတွင် မန်ကျည်းရွက်များတစ်ဆယ်သားလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)