Main menu

ပခုက္ကူကုန်စိမ်းသီးနှံဈေးကွက်၌ ခရမ်းချဉ်သီးများဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် ပုပ္ပါးဒေသထွက်ခရမ်းချဉ်သီးများအပြင် ဒေသထွက်ခရမ်းချဉ်သီးများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိ ရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက် အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီးအထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ် ပါဝင်မှု နည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။

   ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ(ပထမပတ်)တွင် ခရမ်းချဉ်သီး ဈေး တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ထိုင်ဝမ်ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၁၈၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဧပြီလ(ပထမပတ်)တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၁၃၀၀-၁၂၀၀-၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၇၀၀)ခန့် ဈေးတက်ကြောင်း၊ ယခုရာသီတွင် ဒေသတွင်းစိုက်ခင်းများမှ ခရမ်း ချဉ်သီးထွက်ရှိမှုနည်းခြင်းကြောင့်  ဈေးတက်ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ ကုန်စိမ်းသီးနှံရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)