Main menu

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ သီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခုဧပြီလအတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၇၅၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၆၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပဲဖတ်တစ် ပိဿာလျှင် (၄၈၀၀-၅၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၈၀၀-၃၀၀၀)ကျပ်၊ ယခင် ဖေဖော်ဝါရီလ အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်းလျှင် (၉၆၀၀၀-၉၇၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၁၆၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ပဲဖတ်တစ် ပိဿာလျှင် (၅၇၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၆၀၀)ကျပ်ဖြင့် ရောင်းဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ယခုလကာလတူ နှိုင်းယှဉ်လျှင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ နေကြာတို့မှာ သီးနှံပေါ်သည့် ရာသီမဟုတ်ဘဲ ဒေသတွင်း ဆီကြိတ်ခွဲမှုသာရှိသဖြင့် အရောင်းအဝယ်အေးကာ ဈေးအတက်အကျ အနည်းငယ်စီရှိပါသည်။ ပဲဖက်/နှမ်းဖက်ဈေးတို့မှာ ဈေးကွက်အတွင်း အဝယ်လိုက်သော်လည်း ပစ္စည်းအရည်သွေးပေါ်မူတည်၍ ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ပဲဆီ။ နှမ်းဆီ၊ နေကြာဆီတို့မှာ ယခင်လဈေးနည်းတူ ဈေးငြိမ်နေကြောင်း သိရသည်။

          ယခု ယခင် ဧပြီလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၇၈၀၀၀) ကျပ်၊ ထိုင်ဝမ် (၇၀၀၀၀) ကျပ်၊ ယခင် ဖေဖော်ဝါလအတွင်း ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၇၄၀၀၀) ကျပ်၊ ထိုင်ဝမ် (၇၃၀၀၀) ကျပ်၊ စျေးရှိခဲ့ရာ ယခင်လနှင့် ယခုလကာလတူနှိုင်းယှဉ်လျှင် ကုလားပဲ (V2)စျေးမှာ တစ်တင်းလျှင် (၄၀၀၀) ကျပ်ဈေးမြင့်လာပြီး ထိုင်ဝမ်တစ်တင်းလျှင် (၃၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။

          ယခု ယခင် ဧပြီလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၆၀၀) ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၉၀၀၀-၁၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ် ၊ ယခင် ဖေဖော်ဝါရီလအတွင်း စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ စားဖိုဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၉၀၀၀-၁၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ၊ ရှိပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်လျှင် စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင်ဝါတစ်ပိဿာလျှင် (၄၀၀) ကျပ် ၊ စားဖိုဆောင်သီးနှံ ဖြစ်သော ကြက်သွန်နီတစ်ပိဿာလျှင် (၈၀၀) ကျပ် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရပါသည်။ စက်မှုကုန်ကြမ်းသီးနှံဝါမှာ သီးနှံပေါ်သည့်ရာသီကုန်ပြီး အရည်အသွေးညံ့သည့်အတွက် ကြောင့်လည်းကောင်း၊ ကြက်သွန်နီမှာ သီးနှံထွက်ရှိမှုလှိုင်ချိန်ဖြစ်၍လည်းကောင်း ဈေးနှုန်းကျဆင်း ခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)