Main menu

ပြည်ပဲဈေးကွက်ရှိ ဆောင်းပဲသီးနှံများ၏ နှစ်အလိုက်ကာလတူ ဈေးနှုန်းနှိုင်းယှဉ်မှုအခြေအနေ

Powered by Drupal

 ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်တွင် ဆောင်းပဲသီးနှံများ ပဲအဝင်များချိန်ဖြစ်ပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြရာ ပြည်ပဝယ်လက်ရှိသော ပဲများနှင့် ပြည်တွင်းဝယ်လက်ရှိသော ပဲများ လက်လီ/လက်ကားရောင်းဝယ်နေခဲ့ကြပါသည်။မတ်ပဲ၊ ပဲစင်းငုံ၊ ပဲကြီး၊ ကုလားပဲ စသည့် သီးနှံများမှာ ပဲအားလုံးနီးပါး ရိတ်သိမ်းပြီးချိန်ဖြစ်သဖြင့် နေ့စဉ် အိတ်အများ အပြား ဝင်ရောက် နေသည်ဟုသိရပါသည်။ ပြည်ပဝယ်လိုအားရှိသော ပဲများနှင့် ပြည်တွင်း အဓိက ဝယ်ယူစားသုံးမှု ရှိသည့် ပဲများ၏ နှစ်အလိုက်ဈေးနှုန်းများအား အောက်ပါအတိုင်း လေ့လာ သိရှိရပါသည်။

စဉ်     ပဲအမျိုး           ၂၀၂၁      ၂၀၂၂        ၂၀၂၃        ၂၀၂၄       ၂၀၂၅      တစ်တင်းဈေးနှုန်း

အစား                                                                                           (ကျပ်)

၁။      မတ်ပဲ          ၂၇၀၀၀    ၄၇၅၀၀      ၆၁၅၀၀    ၉၅၀၀၀    ၉၃၀၀၀

၂။       ပဲစင်းငုံ        ၂၄၀၀၀      ၄၄၅၀၀      ၆၉၀၀၀    ၁၁၆၅၀၀   ၉၃၅၀၀

၃။      ကုလားပဲ    ၂၅၅၀၀     ၄၃၅၀၀      ၆၇၅၀၀    ၉၇၀၀၀     ၉၀၀၀၀

၄။      ပဲကြီး         ၃၀၀၀၀     ၆၀၅၀၀      ၈၁၀၀၀  ၁၁၀၅၀၀     ၇၈၀၀၀

၅        ဘိုကိတ်     ၃၆၀၀၀     ၃၅၅၀၀       ၄၈၀၀၀    ၆၆၀၀၀     ၇၃၀၀၀

          မတ်ပဲသီးနှံ အနေဖြင့် ပြည်ခရိုင်တွင် ဆောင်းပဲအဖြစ်စိုက်ပျိုးမှုများရှိကာ ဇန်နဝါရီလဆန်း ပိုင်းမှစ၍ ဝင်ရောက်မှုရှိလာပြီး ပဲဈေးမှာ တစ်တင်း ၁၁၀၀၀၀ ကျပ် ရရှိခဲ့ပါသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ပဲဈေးနှုန်းဈေးပြန်လျော့သွားသည့်အတွက် ကျပ် ၁ သိန်းအောက် လျော့နည်း သွားခဲ့ပါသည်။ ပဲအထွက်လှိုင်ချိန် ဖြစ်လာသည့်အတွက် ဈေးကွက်အတွင်း နေ့စဉ်ပဲသစ်များ ပြည်အနီး တဝိုက်ဒေသများမှဝင်ရောက်မှုရှိိခဲ့သည့်အတွက် တစ်ရက် အိတ်  ၉၀၀ ကျော် အထိ ဝင်ရောက်လာခဲ့ပါသည်။ပဲတစ်တင်း ၉၃၀၀၀ ကျပ်ဖြင့်သာရောင်းဝယ်နေရသည့်အတွက် ယခုနှစ် ပဲဈေးအေးနေခဲ့သည်ကိုတွေ့ရပါသည်။ယခင်နှစ်က ယခုကာလ ပဲတစ်တင်း ၉၅၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ်ပဲ‌ဈေးမှာ ယခင်နှစ်ကထက်ပင် ဈေးလျော့နည်း နေခဲ့ ပါသည်။ 

          ပဲစင်းငုံ သီးနှံနေဖြင့် ပဲသစ်များဝင်ရောက်လာသော်လည်း မတ်ပဲသီးနှံလောက် ပဲအဝင် မများ ခဲ့ဘဲ အိတ် ၄၀၀ ကျော် ၅၀၀ ခန့် ပြည်တစ်ဖက်ကမ်း ဒေသများဖြစ်သော ပန်းတောင်း၊ဉသျှစ်ပင်၊ကံမ ဖက်မှ နေ့စဉ်ဝင်ရောက်နေခဲ့ပါသည်။ဝယ်ယူမှုအနေဖြင့် ရန်ကုန်ဝယ်လက်သမားများ အဓိက  ဝယ်ယူနေခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်း  ၉၃၅၀၀ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေခဲ့သည့်အတွက် မတ်ပဲနှင့် ဈေးပြိုင် ရနေခဲ့ကာ ယခင်နှစ်က ကာလတူအချိန် ဈေးနှုန်းထက် ဈေးလျော့နည်း နေခဲ့ပြီး ယခင်နှစ်က ကာလတူအချိန် ပဲစင်းငုံသီးနှံဈေးမှာ ပိဿာ ၂၀ တစ်တင်း ၁၁၆၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အတွက် ယခုနှစ်ပြည်ပဝယ်လက်ပဲများထဲတွင် မတ်ပဲနှင့် ပဲစင်းငုံ သီးနှံမှာ ဈေးအေးနေသည့်ပဲများ ဖြစ်နေခဲ့ကြောင်းလေ့လာသိရှိရပါသည်။

          ကုလားပဲသီးနှံသည် ပြည်ပဝယ်လက်ထက် ပြည်တွင်းဝယ်လက်နှင့် ပြည်တွင်းစားသုံးမှု များသည့် ပဲသီးနှံအမျိုးအစားဖြစ်ပြီး ပြည်ဈေးကွက်တွင် ဒေသတွင်းခွဲစက်သမားများ အဓိက ဝယ်ယူ မှုရှိသလို ရန်ကုန်ဝယ်လက်သမားများလည်းဝယ်ယူမှုရှိကြပါသည်။ယခုကာလ ပဲသစ်များ ဝင်ရောက် မှုရှိလာသည့်အတွက် ပဲဟောင်းလက်ကျန်ရော ပဲသစ်များပါ အရောင်း အဝယ် ဖြစ်ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်း ၉၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ကုလားပဲသီးနှံသည် မတ်ပဲသီးနှံကဲ့သို့ပင် ယခုကာလ ဈေးအေးနေသည့်အတွက် ယခင်နှစ်က ပဲဈေးနှုန်းကို မမှီဘဲ အရောင်း အဝယ် ဖြစ်နေ ခဲ့ပါသည်။ယခင်နှစ်က ကာလတူအချိန် ကုလားပဲသီးနှံဈေးနှုန်းမှာ တစ်တင်း ၉၇၀၀၀ ကျပ် ရရှိ ခဲ့သည့်အတွက် တစ်တင်းလျှင် ကျပ် ၇၀၀၀ ခန့် ယခင်နှစ်ဈေးထက် လျော့နည်းနေခဲ့သည်ကို လေ့လာ သိရှိရပါသည်။

          ပဲကြီးသီးနှံမှာ ပဲဈေးကွက်အတွင်းနေ့စဉ် လက်လီ/လက်ကားရောင်းဝယ်မှုရှိကြပြီး ပဲကြော်ဖို လုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကြကာ ပဲဟောင်းအပြင် ပဲသစ်အနည်းငယ်ဝင်ရောက်မှုအပေါ် ပဲဟောင်း/ပဲသစ် ၂ မျိုး အရောင်းအဝယ်နေ့စဉ်ဖြစ်နေကြပါသည်။ ပဲဈေးနှုန်းမှာ တစ်တင်း ၇၈၀၀၀ ကျပ်ရရှိခဲ့သည့်အတွက် ယခုနှစ် ဈေးအေးနေသည့် ပဲသီးနှံများထဲတွင် ပဲကြီးသီးနှံလည်း ပါဝင် နေခဲ့ပါသည်။ ပဲကြီးသီးနှံသည် နှစ်စဉ်လိုလို အခြားပဲများနှင့် ယှဉ်လျှင် ဈေးကောင်း ရနေ ခဲ့သည်ကို အထက်ဖော်ပြပါ ဇယားအတိုင်း တွေ့ရှိရပြီး ယခင်နှစ်က ကာလတူအချိန် ပဲကြီးသီးနှံဈေးမှာ တစ်တင်း ကျပ် ၁ သိန်းကျော်အထိ ရရှိခဲ့သည့်အတွက် ယခုနှစ်ဈေးနှုန်းမှာ ယခင်နှစ်ကာလတူအချိန် ဈေးနှုန်းထက် ကျပ် ၃ သောင်းကျော်အထိ လျောနည်းနေခဲ့ကြောင်း လေ့လာသိရှိရုပါသည်။

          ဘိုကိတ်ပဲသီးနှံမှာ ပြည်ပဲဈေးကွက်၌ ပဲအဝင်များချိန်တွင်သာ လက်လီ/လက်ကား ရောင်းဝယ်နေကြပြီး ကျန်ကာလများတွင် လက်လီသမားများဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်သည့် ပဲ သီးနှံ ဖြစ်ပါသည်။ယခုကာလတွင် ပဲသစ်များ အဝင်များနေသည့်အတွက် လက်လီ လက်ကား ရောင်းဝယ်နေကြရပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ပဲဈေးနှုန်းမှာ တစ်တင်း  ၇၃၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြသည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများ ထက်‌ဈေးလျော့နည်းရောင်းဝယ်နေခဲ့သည့် ပဲသီးနှံဖြစ်ခဲ့ပါသည်။

DOCA(ပဲခူး)