
ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဧပရယ်လအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရိုးရိုးပေါ်ဆန်း တစ်ပြည်လျှင် ကျပ်(၅၅၀၀)၊ ရိုးရိုးပေါ်ဆန်း ၂၄ ပြည်အသစ်တစ်အိတ်လျှင် ကျပ် (၁၃ဝဝဝဝိ)၊ ဧည့်မထ ဆန် (နွေ) တစ်အိတ်လျှင် ကျပ် (၇၅ဝဝဝိ)၊ မှော်ဘီဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် (၈ဝဝဝဝိ မှ ၉၃ဝဝဝိ)၊ ကျောက်ရွေး ၂၄ ပြည်တစ်အိတ်လျှင် ကျပ် (၉ဝဝဝဝိ) မှ (၉၅ဝဝဝိ/-)၊ ငွေတိုး ၂၄ ပြည် တစ်အိတ်လျှင် ကျပ် (၉ဝဝဝဝိ/-) မှ (၉၃ဝဝဝိ/-)၊ ကောက်ညှင်းတစ်ပြည်လျှင် ကျပ် (၇ဝဝဝိ/- ) ၊ ငချိတ်တစ်ပြည်လျှင် ကျပ် (၉ဝဝဝိ/-) ၊ ပဲဆီရှယ်တစ်ပိဿာလျှင် ကျပ် (၁၉ဝဝဝိ/-)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅ဝဝိ/-)၊ ငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ် (၁၅၀ဝဝိ/-)၊ ငရုတ်ခြောက် အပု တစ်ပိဿာလျှင် ကျပ် (၂၀ဝဝဝိ/-)၊ ကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် ကျပ် (၂၈ဝဝိ/-)၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် ကျပ် (၁၆ဝဝဝိ/-) ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၂ဝဝဝဝိ/-)၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ ဆားတစ်ပိဿာလျှင် ကျပ် (၁၀၀ဝိ/-)၊ မြေပဲဆန်တစ်ဘူးလျှင် ကျပ် (၁၂ဝဝိ/-)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၇၂ဝဝိ/-)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ သကြားတစ်ပိဿာလျှင် ကျပ် (၅၂ဝဝိ/-)၊ (မွေးမြူရေး) ကြက်တစ်ပိဿာလျှင် ကျပ် (၁၈ဝဝဝိ/-)၊ (ဒေသကြက်) တစ်ပိဿာလျှင် ကျပ် (၃၀ဝဝဝိ/-)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၂၅ဝဝဝိ/-)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၂၅ဝဝဝိ/-)၊ ဆိတ်သား တစ်ပိဿာလျှင်ကျပ် (၃၀ဝဝဝိ/-)၊ ငါးကြင်း (ဖြူ) တစ်ပိဿာလျှင် ကျပ် (၁၂ဝဝဝိ/-)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၀ဝဝိ/-)၊ ကျောက်စိမ်းငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၃ဝဝဝိ/-)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အထုပ်အကြီး အသေး ပေါ်မူတည်၍ ကျပ် (၁ဝဝဝိ/- ၊ ၂ဝဝဝိ/- ၃ဝဝဝိ/-)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၃၅ဝိ/-)၊ ဘဲဥ တစ်လုံးလျှင်ကျပ် (၅၅ဝိ/-) အသီးသီးဈေးရှိပြီး အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရပါသည်။
ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အားလူးဈေးတို့မှာ ဈေးနှုန်းအတက်၊ အကျအနည်းငယ်ရှိပြီး စားအုန်းဆီ ဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိကြောင်း ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးရှိ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)