
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။
ငါးပတ်ကို ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ သိန်ရင်ဆည်၊ လင်ဗန်းဆည် နှင့် ကျွန်းလှ မြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများကို ဝယ်ယူရောင်းချကာ ဈေးကောင်း ရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယအပတ်တွင် ကန့်ဘလူမြို့၏ ငါးပတ် ဈေးနှုန်းများ အနေဖြင့် ငါးပတ် ရှယ်ဆိုက်ဝင်(အကြီး) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ငါးပတ် အကောင်သေး တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ်လုပ်ကိုင်သူ ထံမှ သိရ ပါသည်။
DOCA(စစ်ကိုင်း)