
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၅ ခုနှစ်၊ ဧပြီလ အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၇၈၈၅) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်မှ (၁၅၀၀၀)ကျပ် ၊ သကြားတစ်ပိဿာ လျှင် (၅၇၀၀)ကျပ်မှ (၅၆၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ်ကျလျက်ရှိပြီး ကြက်သွန်နီ တစ်ပိဿာ လျှင် (၃၀၀၀) ကျပ်မှ (၂၈၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၃၀၀၀)ကျပ်မှ (၂၂၀၀၀)ကျပ်သို့ စျေးနှုန်းအနည်းငယ်ခန့်ကျဆင်းနေပြီး အခြားသော အခြေခံစားကုန်စျေးနှုန်းများ မှာ တည်ငြိမ် လျက်ရှိပါသည်။
DOCA(တနင်္သာရီ)