
မုန်ညင်းထုပ်သည် မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် အာရှတိုက် တစ်ဝန်းလုံးစိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံဖြစ်သည်။ ဒေသမရွေးစိုက်ပျိုးနိုင်သော်လည်း သင့်တင့်သောရာသီဥတုရှိသည့် ရှမ်းပြည်နယ်၌ ပိုမိုဖြစ်ထွန်းသည်။ မုန်ညင်းထုပ်များသည် တစ်နှစ်ပတ်လုံး စိုက်ပျိုးစားသုံးနိုင်သောသီးနှံတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးသူတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချနိုင်ပြီး ဝင်ငွေကောင်းသောသီးနှံပင်တစ်မျိုးလည်း ဖြစ်ပါသည်။
ထားဝယ်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့်ရပ်ကွက်ဈေးများတွင် မေးမြန်းသိရှိရသောဈေးနှုန်းများ အရ မုန်ညင်းထုပ်တစ်ထုပ်လျှင် (၁၃၀၀)ကျပ်မှ(၁၅၀၀)ကျပ်ခန့်ရှိသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)