Main menu

ထားဝယ်မြို့ ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေး စျေးနှုန်းအခြေအနေများ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ကြီးများမှ ရောင်းချလျက်ရှိသော ဓါတ်မြေသြဇာစျေးနှုန်းများမှာ မေလပထမအပတ်အတွင်း မြင်းပျံ၊ အာမို၊ သြဘာအမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ သံကွင်း တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၈၈၀၀) ကျပ်အသီးသီးရှိပြီး ယခင် ဧပြီလ စတုတ္ထအပတ်စျေးနှုန်းများနှင့် နှိုင်းယှဥ် ပါက တည်ငြိမ်လျက်ရှိပြီး မြန်မာ့သြဘာ သန်ဒါး ၁၀၀ စီစီ ပိုးသတ်ဆေး တစ်ဘူးလျှင် (၁၁၄၀၀)ကျပ် ဖြင့် မေလပထမအပတ်အတွင်းရောင်းချလက်ရှိပြီး ဧပြီလ စတုတ္ထအပတ်စျေးနှုန်းများနှင့် နှိုင်းယှဥ် ပါက (၄၀၀)ကျပ်  စျေးနှုန်းအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)