Main menu

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကုလားပဲဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၆၃၀၀၀)ကျပ် ၊ကုလားပဲ(929)(၁)တင်းလျှင်(၆၆၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင်(၆၉၀၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၇၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခု ပတ်အတွင်း ကုလားပဲဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့်ပွဲရုံများသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)