
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ် နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချ ကြသည့်အတွက် မိမိတို့ ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ဈေးသက်သာပြီး လတ်ဆတ်သော ဒေသတွင်း ခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ ပထမအပတ်တွင် ဒေသထွက် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)