Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော သရက်သီးစိမ်း ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

   သရက်သီးစိမ်းကို ယခုလိုလှိုင်လှိုင်ထွက်ရှိချိန်တွင် ဟင်းရှားပါးသည့် ရာသီအတွက် သရက် ချဉ်တည်ခြင်း၊ သရက်သီးကုလားတည်ပြုလုပ်ခြင်း၊ သရက်သီးခြောက်လှမ်းခြင်းနှင့် သရက်သီး အစိမ်းသုပ်စားခြင်းတို့ ပြုလုပ်သည့်အချိန်ဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရပါ သည်။

  ၂၀၂၅ ခုနှစ်၊ မေလ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  သရက်သီးဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင်(၁၅၀)ကျပ်၊ (၁၀၀၀)ဖိုး(၄)လုံး နှင့် သရက်သီး အသေး တစ်လုံးလျှင်(၁၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)