Main menu

ပုသိမ်မြို့နယ်အတွင်း ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်တွင် လှိုင်လှိုင်ရရှိနေ

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်များတွင် ကျေးရွာဒေသများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ထိုသို့ထွက်ရှိလာသော သီးနှံများအနက် ခရမ်းချဉ် သီးများကို မိသားစုစားသုံးပြီး ပိုလျှံပါက ဒေသခံများက မြို့နယ်စည်ပင်သာယာဈေးများသို့ ရောင်းချကြသဖြင့် ဒေသထွက် လတ်ဆတ်သော ခရမ်းချဉ်သီးများ ဈေးကွက်တွင် အလုံးအရင်း ဖြင့် ဝင်ရောက်လာနေသည်။

    ယခုမေလ ပထမအပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း ရောင်းချနေသော ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းမှာ ကိုင်းခရမ်းချဉ်သီး အလုံးအကြီး/အသေး ပေါ်မူတည် ၍ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၂၅၀၀) ကျပ် ၊ ရိုးရိုးမြေပုံသီး တစ်ပိဿာ လျှင် (၄၀၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၂၀၀၀) ကျပ်  ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်ထွန်းနေကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။ ဒေသခံများအနေဖြင့် ဈေးသက်သာ ပြီး လတ်ဆတ်သော ဒေသထွက်ခရမ်းချဉ်သီးများကိုသာ ဦးစားပေး ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ပြီး ဈေးကွက်တွင် ဝင်ရောက်နိုင်မှုကြောင့် ဒေသခံများအတွက် ဝင်ငွေရရှိစေကာ စားသုံးသူများ အနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော ခရမ်းချဉ်သီးများကို ဈေးနှုန်းသင့်တင့်စွာ ရရှိစေနေသည်။

DOCA(ဧရာဝတီ)