Main menu

စီးပွားရေးနယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နေသည့် လာအို

Powered by Drupal

   ၁၆ကြိမ်မြောက် လာအိုစီးပွားရေးဆွေးနွေးပွဲအား ဧပြီလ ၃ရက်နေ့တွင် Vientiane မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး လာအိုအစိုးနှင့် ပုဂ္ဂလိက ကဏ္ဍများအကြားတွင် ပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးရေးများ မြှင့်တင်ရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရပါသည်။ လာအိုနိုင်ငံ၊ ဒုဝန်ကြီးချုပ် Saleumxay Kommasith က လာအိုနိုင်ငံ၏ အမျိုးသား လူမှုစီးပွားရေးဖွံဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတက်ရေးသည် အ‌ရေးပါကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။

    ထို့အပြင် Kommasith သည်  စီးပွာ‌ရေး တိုးတက်မှု နှင့် ဆင်းရဲနွမ်းပါးမှုထောက်ပံ့ရေးကို အထောက်အကူပြုရန် အတွက် သင့်လျော်သော် စီးပွားရေး နယ်ပယ်များကို ဖန်တီးရန် အစိုးရမူ ဝါဒများကို ဆက်လက်ပြုပြင်မွမ်းမံသင့်ကြောင်း ထပ်ဆောင်းပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းတွင် ၎င်းသည် စျေးကွက်စီးပွားရေး ခိုင်မာစေခြင်း၊ ပုဂ္ဂလိက ဝန်ဆောင်မှုများ တိုးတက်စေခြင်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင်ပိတ်ပင်နေသော အတားအဆီးများကို ဖယ်ရှားခြင်းများ အပေါ် အစိုးရ၏ ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပါသည်။

  အစည်းအဝေးပွဲတွင် တက်ရောက်လာသောသူများသည် စီးပွားရေးလုပ်ငန်း စတင်ရန်အတွက် လိုအပ်သောအချိန် နှင့် ကုန်ကျမှု လျော့ချခြင်း၊  အီလက်ထရောနစ် စီးပွားရေးမှတ်ပုံတင်ခြင်းစနစ်များ မိတ်ဆက်ခြင်း၊ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ရိုးရှင်းသော အခွန်ကောက်ခံခြင်း နှင့် ကူးသန်းရောင်းဝယ်‌ရေးဆိုင်ရာ ဥပဒေများ နှင့် စည်းမျဥ်းများကို ပိုမို လွယ်ကူစွာဝင်ရောက်အသုံးပြုနိုင်စေခြင်းတို့ဖြင့် စီးပွားရေးနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေသော အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူး သြဝါဒပြုခဲ့ကြောင်း သိရပါသည်။

Xinhua        

DOCA(ရန်ကုန်)