Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဧပြီလ (၆) ရက်နေ့အထိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသ များဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြစ်သား၊ မိတ္ထီလာဒေသတို့မှ ကြက်သွန်နီ (၁၄၄၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၅၇၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၃၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၈၅၀ ၊ အကြီးမှာ ကျပ် ၂၀၀၀၊ ရှယ်မှာ ကျပ် ၂၀၀၀၊  မြစ်သား ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၃၅၀ ၊ အကြီးမှာ ကျပ် ၂၇၀၀၊ ရှယ်မှာ ကျပ် ၂၅၀၀၊ မိတ္ထီလာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၂၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၇၅၀  ဈေးတို့ အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

    ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီဈေးနှုန်း များမှာ ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)