Main menu

ကြက်သွန်ဖြူအသစ်ဈေးကွက်

Powered by Drupal

     ကြက်သွန်ဖြူကို ရာသီဥတုအလိုက်စိုက်ပျိုးနိုင်ပြီး အေးသောဒေသ(တောင်တန်းဒေသများ)၊ ဆောင်းဦးရာသီဖြစ်သော စက်တင်ဘာလမှနိုဝင်ဘာလထိ စိုက်ပျိုးကြပြီး မတ်လမှစ၍ ဇွန်လအထိ ဈေးကွက်တွင် လှိုင်လှိုင်ထွက်ပေါ်သည်။ မြင်းခြံဈေးကွက်ရှိပွဲရုံများတွင်ရောင်းချနေသော ကြက်သွန်ဖြူအသစ်(အစို) လက်ကားဈေး တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီဈေးတစ်ပိဿာလျှင် ၄၅၀၀ ကျပ်မှ ၈၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်သွန်ဖြူ အစို/အခြောက်၊ အရည်အသွေးပေါ်တွင် ဈေးနှုန်းများကွာခြားကြောင်း သိရှိရသည်။

    ယခုအချိန်တွင် ကြက်သွန်ဖြူစိုက်ပျိုးထွက်ရှိချိန်ဖြစ်ပြီး ဒေသတွင်းကြက်သွန်ဖြူများကို နစောင်ရွာ၊ ညောင်တိုရွာ၊ နန်းတည်းရွာနှင့် အင်းတဲရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိသဖြင့် ဒေသတွင်း စားသုံးသူများအနေဖြင့် ကြက်သွန်ဖြူများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးကြရ ကြောင်း၊ ဒေသတွင်းကြက်သွန်ဖြူများ ပြတ်လပ်ပါက ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှ ဝယ်ယူတင်သွင်းကြရကြောင်း သိရှိရသည်။ ဒီဇင်ဘာလ၊ဇန်နဝါရီလများတွင် ကြက်သွန်ဖြူ (အဟောင်း) တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပြီး ယခုအခါကြက်သွန်ဖြူ အသစ်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ကြက်သွန်ဖြူဟောင်းများ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ကြက်သွန်ဖြူစားသုံးခြင်းသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း၊ အစာအိမ်နှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း သိရှိရသည်။

DOCA(မန္တလေး)