Main menu

ဖျာပုံမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ရွှေသွယ်ရင်စပါးတင်းရေ အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံမြို့နယ် မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း၌ ရွှေသွယ်ရင် စပါးတင်းရေ ၅၀၀၀၀ တင်ပို့နိုင်ခဲ့သော်လည်း ဖေဖော်ဝါရီလအတွင်း ရွှေသွယ်စပါးတင်းရေ ၆၅၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းကို ဆန်စပါးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များထံမှ သိရှိရပါတယ်။ ရွှေသွယ်စပါးသည် ဆန်ကြမ်းအုပ်စုတွင်ပါသော စပါးအမျိုးအစားဖြစ်သော်လည်း လွန်ခဲ့သောလအတွင်းနှင့် ယခုလတ်တလော ကာလများအတွင်း၌ ရန်ကုန်မြို့မှ ဝယ်ယူရန် ချိတ်ဆက်မှုများ ရှိနေပြီး ရွှေသွယ်စပါး တင်းရေ (၁၀၀) လျှင် ငွေကျပ် (၁၇၅၀၀၀၀) အထိ ပေါက်ဈေးရှိနေကြောင်း သိရှိရပါတယ်။

DOCA(ဧရာဝတီ)