Main menu

မကွေးမြို့ပေါ်ရှိ ဆန်စပါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ သမာရိုးကျရောင်းဝယ် ခြင်းမဟုတ်သော စျေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင် ရောင်းချ ခြင်းများမဖြစ်ပေါ်စေရေးတို့အတွက် လစဉ်သင့်တင့်မျှတသော ဆန်စျေးနှုန်းများထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

           မကွေး၊ ချောက်ခရိုင်ဦးစီးမှူး၊ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၃.၂၀၂၅) ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်း မကွေးမြို့နယ်ရုံး၌ မကွေးမြို့နယ်ရှိ ဆန်လက်လီ/ လက်ကားရောင်းချသူများနှင့် သွားရောက်တွေ့ဆုံပြီး ဆန်များအား လစဉ်ထုတ်ပြန်ပေးသော သင့်တင့်မျှတသည့် စျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ အမျိုးအစားမတူ၊ အရည်အသွေးနိမ့်သော ဆန်များရောနှောရောင်းချမှုမပြုလုပ်ရန် နှင့် MyRO (Myanmar Rice Online MyRO)တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ထားသော သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်း များအား လစဉ် (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သက်ဆိုင်ရာမှတ်ပုံတင်ပြီးသည့် အကောင့်များတွင် Update စာရင်းအား မပျက်မကွက်ထည့်သွင်းကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)