Main menu

မြန်အောင်မြို့နယ် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၂၅.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့၊ ကြာနီကန်လမ်း၊ အမှတ်(၄)ရပ်ကွက်ရှိ ရတနာပိုင် ပွဲရုံတွင်  တောင်သူများနှင့် ပွဲရုံလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်မှ ဦးစွာမိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း တာဝန်များအကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်စည်၏အရည်အသွေးအပြင် ရောင်းသူဝယ်သူ ယုံကြည်မှုတည်ဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊ အရည်အသွေး၊ အရေအတွက်အပြင် ငွေပေးချေမှု ကတိကဝတ်များမှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ ကုန်စည်အရောင်းအဝယ် ပြုလုပ်ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှလည်း သိလိုသည်များမေးမြန်းကာ  အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)