Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါ သည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် Online Shopping မှတ်ပုံတင် လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါကကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMES မှတ်ပုံတင်လက်မှတ်များ တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါကတင်ပြရန်မလိုအပ်ပါကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန် ကြောင်းရပ်ကွက်ထောက်ခံစာနှင့်ရဲစခန်းထောက်ခံစာ၊ လိုင်စင် ဓာတ်ပုံ၊ Online Sale Owner ၏မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Logo များပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင် နိုင်ကြောင်း နှင့် www.eComreg.gov.mm မှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ Online မှရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါကအရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည့်အကြောင်းအရာများအား သိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)