Main menu

ပြည်ဒေသထွက် ဆူးပုပ်ရွက်ဈေးနှုန်းမြင့်တက်

Powered by Drupal

           ယခုလိုပူပြင်းတဲ့ရာသီမှာ ရေသွင်းစိုက်ပျိုးထားသည့် ဆူးပုပ်ရွက်များ ပြည်ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိနေသည်။ ပြည်မြို့ပေါ်ဈေးများသို့ ပြည်ဒေသအနီးတဝိုက်ရှိရွာများဖြစ်သော ဇီးအုပ်၊ နတ်တလင်း၊ မှော်ဇာ၊ ကင်ပွန်းခြုံ၊ အောင်မြေ အစရှိတဲ့ရွာများမှ တစ်ရက်လျှင် (၅)ပင် တစ်စည်းပါအစည်းရေ (၂၅၀-၃၀၀)ခန့် အဝင်ရှိနေသည်။ ရှားပါးချိန်ဖြစ်လို့ အဝင်ရှိသလောက် အရောင်းအဝယ်သွက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း (၅)ပင်ပါတစ်စည်းလျှင် (၂၀၀-၂၅၀)ကျပ် နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိသဖြင့် ယခင်တစ်စည်းလျှင် (၁၀၀)ကျပ်နှုန်းသာရှိခဲ့၍ ယခုကာလတွင် ဈေးမြင့်ကာ အရောင်းအဝယ်သွက်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)