Main menu

မအူပင်မြို့နယ်ရှိ Panda Lay အွန်လိုင်းဖြင့်ရောင်းချသည့်အရောင်းဆိုင်သို့ OnlineSalesနှင့်ပတ်သတ်၍စားသုံးသူရေးရာဦးစီးဌာနမှမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် သတ်မှတ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် Online Sales လုပ်ငန်းများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်ခြင်း ကို www.ecomreg.gov.mm မှ တစ်ဆင့်ဝင်ရောက် လျှောက်ထားနိုင်ကြပြီး အဆိုပါလုပ်ငန်း များမှ လျောက်ထားလာသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များမှာ မှန်ကန်မှု ရှိ/ မရှိ ကို စားသုံးသူရေးရာဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

(၁၄.၂.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ် ခရိုင်ဦးစီးမှူး ရုံးမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦး သည် မအူပင်မြို့နယ်ရှိ Panda Lay အွန်လိုင်းဖြင့် ရောင်းချသည့် အရောင်းဆိုင်သို့ သွားရောက်၍ Online Sales ဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက် များကို မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရေးအရာရှိသည် မြေပြင်ကွင်းဆင်း စစ်ဆေး တွေ့ရှိချက်များကို Online Sales application တွင် ဖြည့်သွင်းပေးပို့ခဲ့ပြီး အဆိုပါစစ်ဆေး ချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပေး ပြီးပါက Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေး ခြင်း(သို့)ပယ်ဖျက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)