
ဘားအံမြို့၊ ဖေဖော်ဝါရီ ၁၄
၂၀၂၅ခုနှစ်၊ ဆောင်းအကူး ဖေဖော်ဝါရီလ တွင် ကရင်ပြည်နယ်ဒေသထွက် လောင်စာမီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော မီးသွေးဈေးနှုန်းမှာ ဘားအံမြို့ အတွင်း နောင်လုံကျော့ကျေးရွာ မီးသွေးတစ်အိတ်ဈေးနှုန်း (၂၀,၀၀၀) ကျပ်၊ ကမမောင်း မီးသွေး တစ်အိတ် (၁၈,၀၀၀) ကျပ်၊ ကော့ကရိတ် ပသကျေးရွာ မီးသွေးတစ်အိတ် (၁၆,၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းချကြသည်။ အခြားမြို့နယ်များဖြစ်သည့် မြဝတီမြို့အတွင်း မီးသွေးတစ်အိတ်ဈေးနှုန်း (၂၈,၀၀၀)ကျပ်၊ ကော့ကရိတ်မြို့ အတွင်း မီးသွေးတစ်အိတ် ဈေးနှုန်း (၂၅,၀၀၀) ကျပ်၊ လှိုင်းဘွဲ့မြို့အတွင်း မီးသွေး တစ်အိတ် (၁၈,၀၀၀)ကျပ် နှင့် ဖာပွန် ကမမောင်းမြို့နယ်အတွင်း မီးသွေးတစ်အိတ် (၁၈,၀၀၀)ကျပ် နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြသည်။
ကရင်ပြည်နယ်အတွင်း ယခုလို မီးသွေးဈေးနှုန်း အနည်းငယ်မြင့်တက်ရခြင်းမှာ သယ်ယူကုန်ကျ စရိတ်များခြင်းတို့ကြောင့် ဖြစ်ကြောင်းသတင်းရရှိသည်။
DOCA(ကရင်)