
စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၅.၂.၂၀၂၅) ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ညောင်တုန်းမြို့နယ် တာဝန်ခံ ဦးအောင်လွင် နှင့် ခေါင်းဆောင်သော အဖွဲ့သည် ညောင်တုန်းမြို့နယ်ရှိ အ.ထ.က(၂) ကျောင်း တွင် ကျင်းပသော စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်း သို့ တက်ရောက်လာ သော ဆရာ / ဆရာမ ဦးရေ (၅၇)ဦးခန့်အား စားသုံးသူအခွင့်အရေးများ နှင့် စားသုံးသူ အခွင့် အရေးများ ချိုး ဖောက်ခံရပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဈေးကွက် စောင့်ကြည့် စစ်ဆေးမှု အခြေ အနေများ၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာဖော်ပြချက်များ၊ စားသုံးသူတို့၏ တာဝန်နှင့် ဝတ္တရားများ၊ အရေးကြီးကုန်စည်နှင့်အရေးကြီးဝန်ဆောင်မှုများ အကြောင်း နှင့် အရေးကြီး ဝန်ဆောင်မှု Online Sale မှတ်ပုံတင်လျှောက်ထားမှုဆိုင်ရာများ ကိုလည်း ဟောပြော ဆွေးနွေး ခဲ့ပါ သည်။
DOCA(ဧရာဝတီ)