Main menu

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်းများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကန့်ဘလူခရိုင်အတွင်းရှိ  သီးနှံစိုက်ပျိုးသူများက ဝယ်ယူအသုံး ပြုလျက်ရှိကြောင်း သိရသည်။

          ဇန်နဝါရီလစတုတ္ထပတ်အတွင်း ကန့်ဘလူခရိုင်၏ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ပန်းဖူး(50)kg တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ မြှားကမ္ဘာ(50)kg တစ် အိတ်လျှင် (၁၁၃၀၀၀)ကျပ်၊ အာမို၊ကျွဲနက်တံဆိပ်(၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ (50)kg တစ်အိတ်လျှင်(၁၈၀၀၀၀)ကျပ်၊ ရွှေတောနစ်(၅၀၀)စီစီ တစ်ဘူးလျှင် (၁၈၀၀၀)ကျပ်၊ မိုရယ်လ်မုန်း အမြစ်ပွား၊ အသီးတင်၊ အပင်သန် ဟော်မုန်းဆေး (၅၀၀)စီစီ တစ်ဘူးလျှင်(၄၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းများတည်ငြိမ်နေကြောင်း  ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ရောင်းချသည့်ဆိုင်များထံမှ သိရပါသည်။    

DOCA(စစ်ကိုင်း)