Main menu

ပခုက္ကူခရိုင် ကြက်သွန်ကုန်ဝယ်ဒိုင်တွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းဈေးကွက်

Powered by Drupal

             ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို ၊ ပေါက်၊ ရေပြာ၊ ယောနယ်၊ ကမ္မနှင့်ဆိပ်ဖြူဒေသများမှ ဆောင်းစိုက်(ပင်စိုက်)များ လှိုင်လှိုင်ပေါ်ထွက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ၊ မွှေ့ခါရွာမှ ကြက်သွန်နီများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

                မေ(၈)ရက်နေ့မှ (၁၄) ရက်နေ့အတွင်း ဖြစ်ပေါ်လျှက်ရှိသော ကြက်သွန်နီလက်ကားဈေးမှာထိပ်စ တစ်ပိဿာလျှင် (၇၃၀) ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၄၅၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ကုန်ချိန်မှာ နေ့စဉ်တစ်နေ့လျှင် ပိဿာ(၃၀၀၀၀ မှ ၇၀၀၀၀)ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့မ ဈေးတွင် ရောင်းချသော လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် (၁၀၀၀-၉၀၀) ကျပ်၊ အလတ်စ တစ်ပိဿာ လျှင် (၈၀၀)ကျပ်၊ အနိမ့်စ တစ်ပိဿာလျှင် (၇၀၀-၆၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဘင်္ဂလားဒေ့ရှ်၊ မြဝတီနှင့် အခြားနယ်များသို့ တင်ပို့လျှက်ရှိကြောင်း ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။

DOCA (မကွေး)