
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မြို့နယ် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယဉ်ထိန်းရဲတပ်ဖွဲ့။ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ၁၆.၁.၂၀၂၅ ရက်နေ့ နံနက် (၁၄၀၀)နာရီအချိန်က Polytechnic University (Maubin) တက္ကသိုလ် ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ သူ (၁၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
ရှေးဦးစွာ မအူပင်မြို့နယ် Polytechnic University (Maubin) တွင် ဒုတိယပါမောက္ခချုပ် က " တက္ကသိုလ်အနေနဲ့ကျောင်းသားကျောင်းသူများကို ပညာရပ်များကို အဆင့်မီစွာ လုံခြုံအေးချမ်းစွာ ပညာသင်ကြား နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။ အခုခေတ်မှာ OnlineLearning များနဲ့လေ့လာ သင်ယူနေကြ တာ ကောင်းကျိုးများရှိပေမယ့် ယခုလို အသိပညာပေးဟောပြော ဆွေးနွေးပွဲများကတော့ တက္ကသိုလ် ကျောင်းများမှာသာ တွေ့ကြုံရမယ့် အတွေ့အကြုံကောင်း တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တက်ရောက်လာ သူများက တန်ဖိုးထားပြီး အလေးအနက်ထားနားထောင်ဖို့နဲ့ သိလိုတာများ ပြန်လည် ဆွေးနွေးလိုတာများရှိရင် ဟောပြောသူများ ရှင်းလင်းဆွေးနွေးပြီးတဲ့နောက်မှာ မေးမြန်းဆွေးနွေးပေးပါလို့ အသိပေးလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ဟောပြောဆွေးနွေးရာ စားသုံးသူရေးရာဦးစီးဌာနက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်တွင် ရှိပြီး ဌာနတစ်ခု ဖြစ်တဲ့အတွက် ကုန်သွယ်ရေးအတွက် အဓိကအရေးကြီးတဲ့ ဌာနဖြစ်တော့ နိုင်ငံစီးပွားဖွံ့ဖြိုးမှု အတွက် အဓိက ဖော်ဆောင်နေသော ဌာနတစ်ခု ဖြစ်ကြောင်း၊ ဘေးအန္တရာယ်ရှိတဲ့ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲမိလို့ ဘေးဥပါဒ်ဖြစ်ခဲ့တာမျိုး စိတ်ကျေနပ်မှုမရှိတာမျိုးဖြစ်ခဲ့ရင် ရဲစခန်းတိုင်တာ၊ တရားစွဲတာ တွေလဲ မလုပ်ဖြစ်တော့ ခံနေခဲ့ရတာကို အခုဆိုရင် စားသုံးသူရေးရာဦးစီးဌာနက တိုင်ကြားလို့ရတယ် ဖြေရှင်းပေးနေကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ထွက်ရှိလာမှု ဖြစ်စဉ်အကြောင်းကိုလည်းကောင်း၊ စားသုံးသူတာဝန်၊ စီးပွားရေးလုပ်ငန်းရှင်တာဝန်အကြောင်း ကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေးနစ်နာမှု ရှိပါက တိုင်ကြားနိုင်သည့် လုပ်ငန်း အဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး၊ စီမံခန့်ခွဲမှု နည်းလမ်းအရအရေးယူဆောင်ရွက်မှု လုပ်ငန်းစည်အကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ Consumer Call Center ၁၅၃၅ ကိုဆက်သွယ်တိုင်ကြားလို့ ရကြောင်းနှင့် တားမြစ်ခြင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ ကြော်ငြာခြင်းဆိုင်ရာ တားမြစ်ချက်နှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ တက္ကသိုဠ် ကျောင်းသား/ သူ(၁၀၀)ဦး ဆရာ/မ(၃၀) ဦးစုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA (ဧရာဝတီ)