Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

၁၃.၁.၂၀၂၅ ရက်နေ့ နေ့လည်(၁၄:၀၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၂၀)ဈေးသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် အမှတ်(၂၀)ဈေးမှ ဈေးတာဝန်ခံ ဦးကိုကိုအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်နီလာဦး(ဒုဦးစီးမှူး)က စားသုံးသူအဓိပ္ပါယ်၊ အခွင့် အရေး(၈)ချက်၊ တာဝန်(၄)ချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များကိုလည်းကောင်း၊ အွန်လိုင်းမှ ဝယ်ယူခြင်းအတွက် အားသာချက်/အားနည်းချက်များ၊ လိမ်လည်မှုပုံစံ(၂)မျိုး၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များအား ပြောကြားပြီး ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင်လည်း တိုင်ကြားနိုင်သည့် နေရာများနှင့်ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်း(၂)မျိုးအား ဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ စားသုံး သူ(၁၅)ဦးတက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို (၁၄:၄၅)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)