
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံသီးထပ်စိုက်ပျိုး ရာသီတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ဧက (၁၄၉၃၆၃) စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ယခုနှစ်နိုဝင်ဘာလမှ စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ (၁၃၉၅၇၆)ဧက ဖြစ်ထွန်း အောင်မြင်စွာဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အနေဖြင့် သီးထပ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုးစွမ်းအားတိုးတက် စေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး ပဲစိုက်တောင်သူများ သီးနှံဝင်ငွေတိုးပွားစေ ရန် ရည်ရွယ်ပြီး ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း သတ်မှတ်လျာထားဧက ပြည့်မှီရန် အထွက်နှုန်းကောင်း မွန်စေရန်အတွက် ဒေသခံတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ စိုက်ပျိုးနည်းစနစ် များကို စနစ်တကျစိုက်ပျိုးနိုင်ရေး၊ တောင်သူအသိပညာပေးခြင်းများရှိပြီး သုံးခွမြို့နယ်ဒေသခံတောင်သူ များအနေဖြင့်လည်း လျာထားချက်ပြည့်မှီရေး စိုက်ပျိုးဆောင်ရွက်ပြီးစီးဆောင်ရွက်သွားပြီဖြစ်ကြောင်း ယခုနှစ်ပဲတီစိမ်းသီးနှံ ပိုမိုဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ရေး၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ပဲတီစိမ်းမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးနေကြကြောင်း သိရသည်။
DOCA(ရန်ကုန်)