Main menu

စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၇.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ စားသုံးဆီအမျိုးမျိုးတို့အပေါ်၌ ကုန်အညွှန်းအမှတ်အသား အား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ ရောနှောဆီများရောင်းချခြင်း ရှိ/မရှိ၊ ဘေးအန္တရာယ်ရှိသော စားသုံးဆီများ ဈေးကွက်အတွင်းရောင်းချဖြန့်ဖြူးမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ စားသုံးသူများလုံခြုံစိတ်ချ၍ဘေးအန္တရာယ်ကင်းသော စားသုံးဆီများကိုသာ ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မွန်)