မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ ရွှေဝါလမ်းမှ ငှက်ပျောကြော်လုပ်ငန်းရှင် ဒေါ်နန်းလွင်လွင်စိုးနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် လုပ်ငန်းရှင်က “ဆန်းသစ်ယဉ်” အမှတ်တံဆိပ်ဖြင့် ငှက်ပျောကြော်ကို ဈေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရရှိနိုင်ရေး လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်လိုကြောင်း တင်ပြလာမှုအပေါ်တွင် ဘီးလင်းမြို့နယ်တာဝန်ခံက သက်ဆိုင်ရာဌာနများနှင့်ဆက်သွယ်ဆောင်ရွက်ပေးပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမည့် ငှက်ပျောကြော်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဋ္ဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြရန်နှင့် လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များကိုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)