Main menu

ကန့်ဘလူမြို့နယ်တွင် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်းစိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အနီးကျေးရွာများရှိ ကြက်သွန်စိုက်တောင်သူများထံမှ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ ဒုတိယပတ်အတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀ ရှိခဲ့ရာ ယခုလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀-၃၀၀၀ ဖြင့်ရောင်းချကြောင်း၊ ကြက်သွန်နီတစ်ပိဿာလျင် ငွေကျပ်၈၀၀ခန့်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူ မြို့မဈေးရှိ ကြက်သွန်နီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှသိရပါသည်။ DOCA(စစ်ကိုင်း)