စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ၂၃-၉-၂၀၂၄ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ မုဒုံမြို့၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အာဟာရဖြည့်စွက်စာများနှင့် အာဟာရဓာတ်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဟင်္သာဈေး၌ ရောင်းချနေသော အာဟာရဖြည့်စွက်စာနှင့် ဓာတ်စာများတွင် ဖော်ပြထားသော ကုန်ညွှန်းအမှတ်အသားများမှာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။
DOCA(မွန်)