Main menu

တနင်္သာရီတိုင်းဒေသကြီးမှ သြဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ(၅)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များနှင့်မြို့များတွင် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထားလျက်ရှိရာ ကွမ်းသီးပင်များလည်း စိုက်ပျိုးထားပါသည်။ ကွမ်းသီးပင်များမှ ကွမ်းသီးများကို ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်များနှင့် မြို့များမှ အဝယ်ဒိုင်ကြီးများက ဝယ်ယူကာ ကွမ်းသီးခြောက်များကို ရန်ကုန်နှင့် မန္တလေးမြို့များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး အခြားပြည်နယ်နှင့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ထို့အပြင်  ၎င်းတို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ၂၀၂၄ ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့မှ  စက်တင်ဘာလ(၅)ရက်နေ့အထိ ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၆၂၂၄၇၁၈)ပိဿာ တန်အားဖြင့်(၂၆၄၉၄.၀၉၄)ရှိပြီး၊ မြိတ်ခရိုင်မှ (၂၇၈၄၇၃၇၅) ပိဿာ တန်အားဖြင့်(၄၅၄၇၃.၂၆၉)ရှိပြီး၊ ကော့သောင်းခရိုင်မှ (၈၂၅၀၂၅)ပိဿာ တန်အားဖြင့် (၁၃၄၇.၂၂၁)ရှိကြောင်း သိရပါသည်။ ယခုတစ်ပတ်အတွင်း ကွမ်းသီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀၀)ကျပ် ရှိပြီး တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)