Main menu

စစ်ကိုင်းခရိုင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆီထွက်သီးနှံများ စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

            စစ်ကိုင်းခရိုင်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံ လျာထားစိုက်ဧက ၂၂၆၁၃၄ အား ယနေ့ထိ မြေပဲ ၆၃၃၁၆ ဧက၊ နှမ်း(ဆောင်း) ၉၆၈၀၃ ဧက၊ နှမ်း(နွေ) ၁၅၅၅ ဧက၊ နေကြာ ၅၉၉၉၉ ဧက၊ ပန်းနှမ်း ၁၈၅၁ ဧကနှင့် အခြားဆီထွက် အစေ့ကြားကြက်ဆူ ၅၂၀ ဧက စုစုပေါင်း ၂၂၄၀၄၄ ဧက စိုက်ပျိုးပြီးစီး၍  ရာခိုင်နှုန်းအားဖြင့် ၉၉% စိုက်ပျိုးပြီးစီးခဲ့ပြီး ယခင်နှစ်ကာလတူ စိုက်ဧကမှာ ၂၃၁၅၀၃ ဖြစ်ကြောင်း သိရှိရသည်။

          စစ်ကိုင်းခရိုင်တွင် ဆီထွက်သီးနှံ စိုက်ဧက အများဆုံးမှာ နှမ်း(ဆောင်း)ဖြစ်ပြီး မြေပဲနှင့် နေကြာသီးနှံများမှာ ဒုတိယစိုက်ဧက အများဆုံးဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် နှမ်း(ဆောင်း) ၃၆၆၀၀ဝိ/-၊ မြေပဲ ၄၃၆၀၀ဝိ/-နှင့် နေကြာ ၂၁၇၀၀ဝိ/- ဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်းသီးနှံများအားလုံး စိုက်ပျိုးပြီးစီးသလောက်ဖြစ်ပြီး နွေနှမ်းလျာထားချက် ဧက (၃၁၇၄)အနက် ဧက(၁၅၅၅) စိုက်ပျိုးရန်ကျန်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)