Main menu

မုံရွာမြို့ သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်အခြေအနေ

Powered by Drupal

            မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပေါင်း (၂၀)ကျော်ရာ၊ သံချောင်းလုံးနှင့် ဘိလပ်မြေဈေးကွက်များ အရောင်းအဝယ်သွက်နေကြောင်း သိရရှိသည်။ ယခုမတ်လတတိယပတ်တွင် သံချောင်းလုံး ၃ မူး တစ်တန် ကျပ် ၁၀၆၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၉၆၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၀၆၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ်လျှင် ကျပ် ၈၃၀၀၊ အပါချီတစ်အိတ်လျှင် ကျပ် ၈၃၀၀၊ Crown တစ်အိတ်လျှင် ကျပ် ၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်းသိရှိရသည်။

           မုံရွာမြို့ရှိ  ဓာတ်မြေဩဇာဈေးကွက်မှာမူ အရောင်းအဝယ်ပါးကြောင်းသိရှိရပါသည်။ ယခုမတ်လတတိယပတ် အာမို (၁၅:၁၅:၁၅)ကို ကျပ် ၇၈၀၀၀၊ နိုက်ထရိုဖော်စတာ တစ်အိတ်လျှင် ကျပ် ၇၉၀၀၀ နှင့် ရွှေတောင်သူတစ်အိတ်လျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ယခင် အပတ်ထက် သံချောင်းလုံးတစ်တန် ကျပ် ၂၀၀၀၀၊ ဘိလပ်မြေတစ်အိတ် ကျပ် ၃၀၀ ဈေးမြင့်ခဲ့ပြီး ဓာတ်မြေဩဇာ ဈေးနှုန်းမှာ အတက်အကျမရှိ၊ ဈေးငြိမ်နေကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)