Main menu

မုံရွာဒေသထွက် ကြက်သွန်နီများ ဈေးကောင်းရရှိ၍ တောင်သူများတွက်ချေကိုက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊း( မုံရွာမြို့နယ်) မှ ထွက်ရှိသော ကြက်သွန်နီများသည် ၂၀၂၂ ခုနှစ် ၊မတ်လတတိယပတ်တွင် ပိဿာလျှင် ပွဲရုံဈေးကျပ် ၅၅၀ မှ ၆၀၀ ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၈၀၀မှ ၉၀၀ နှုန်းဖြင့် ဈေးကောင်းရလျှက်ရှိကြောင်းသိရပါသည်။

          ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲကျေးရွာ၊ မြေနဲကျေးရွာ၊ ရွာတုံကျေးရွာ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ဧက(၁၂၀၀၀)ခန့် စိုက်ပျိုးလျက်ရှိသည်။ ထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချလျှက်ရှိသည်။ ယခင်နှစ်တွင် ကိုဗစ်ရောဂါအခြေအနေများအရ ဝယ်ယူစားသုံးမှုနည်းပါးသောကြောင့် ကြက်သွန်နီဈေးနှုန်းရသင့်သလောက်မရဘဲ တောင်သူများအနေဖြင့် အရှုံးပေါ်ခဲ့ကြောင်းသိရသည်။ ယခင်နှစ်ကာလတူဈေးနှုန်းမှာ ပွဲရုံဈေးတစ်ပိဿာ ကျပ် ၂၅၀ မှ ၃၀၀ ၊ လက်လီဈေးနှုန်းမှာ ကျပ် ၄၀၀မှ ၅၀၀ ရှိကြောင်းသိရှိခဲ့ရသည်။ ယခုနှစ်တွင် ယခင်နှစ် ဈေးထက် ကြက်သွန်နီဈေးကောင်းရရှိလာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)