
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ နံနက်(၀၇း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ သာကေတရပ်ရှိ စာကြည့်တိုက်ရှေ့တွင် ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး အခြေခံစားသောက်ကုန်များအား ရောင်းချခဲ့ကြပါသည်။ အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ကြက်ဥ၊ ကြက်သွန်၊ ချဉ်ပေါင်၊ အာလူး၊ ငါးများပါဝင်ပြီး စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)