
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားကို ၂၂.၄.၂၀၂၄ ရက်နေ့ ပုသိမ်မြို့ သမိုင်းဝင်စေတီတစ်ဆူ ဖြစ်တော်မူသော ရွှေမုဋ္ဌောစေတီရင်ပြင်ပေါ်တွင် ရဟန်း၊ သာမဏေ၊ သီလရှင်အပါး (၂၃၄၃) ပါး တို့အား ဝတ္တုငွေ၊ ဆန်၊ ကော်ဖီမစ် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခြင်းနှင့် ညောင်ရေသွန်း ပွဲတော်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၊ တိုင်းအဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်၊၊
ထို့နောက် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စီစဉ်မှုဖြင့် တိုင်းဒေသကြီး ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်(၁၅)ခုမှ ကျောင်းတိုက် (၂၁၄)တိုက်၊ ရဟန်း(၁၁၈၃)ပါး၊ သာမဏေ(၁၀၃၆)ပါးနှင့် သီလရှင် (၁၂၄) ပါးတို့အား စားသုံးဆီဘူး များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)