Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၁.၅.၂၀၂၄ရက်နေ့တွင်  မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊  ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး သည် စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူး‌ပေါင်း၍ အမှတ်(၁၂)ရပ်ကွက်ရှိ ‘စန္ဒာဝင်း’မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရ မှုရှိစေရေး ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင်  ‘စန္ဒာဝင်း’ မုန့်မျိုးစုံလုပ်ငန်းမှ မုန့်ထုတ်လုပ်နေမှုများ၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေး မုန့်လုပ်ငန်းအဆင့်ဆင့်ထုတ်လုပ်မှ လုပ်ငန်းများ အကြောင်းကို လေ့လာခဲ့ပါ သည်။ ထို့နောက် ‘စန္ဒာဝင်း’ မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး Packing ထုတ်ပိုးမှု အဆင့်မြှင့်တင်နိုင်ရေး လိုအပ်မည့်အချက်အလက်များနှင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုဆွေးနွေးပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မုန့်လုပ်ငန်း ထုတ်လုပ်မှု၊ ဖြန့်ချီမှု၊ ဈေးနှုန်း ဈေးကွက်အခြေ အနေများကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)