Main menu

ဘိုကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ် ၊ မေလ(၁၈)ရက်နေ့ ၊ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်   ဘိုကလေးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာဖတ်ပြည်သူ(၁၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သတ်၍စားသုံး  သူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာမှု ဖြစ်ပေါ်လာပါက  အရေးဆိုတိုင်ကြားနိုင်သည့်   စင်တာများကို   ရုံးချုပ်၊ တိုင်း၊ ခရိုင်များတွင်   ဖွင့်လှစ်ထားရှိကြောင်း Call Center 1535 ကိုလည်းဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)