Main menu

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ လုပ်ငန်းရှင်ပြည်သူအသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ မြို့မစည်ပင်ဈေးအတွင်းတွင် ရေကြည်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၁၉)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိ စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေး ဟောပြောခဲ့ပါသည်။

    ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံက ဆီထုတ် ကိုယ်စားလှယ်များအား စားအုန်းဆီများဖြန့်ဖြူးရာတွင် ဌာနမှထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)