Main menu

ဇီးကုန်းမြို့နယ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊  ဇီးကုန်းမြို့နယ်၊  မြို့မဈေးတွင် ၂၀၂၄ခုနှစ်၊  မေလ ဒုတိယပတ်အတွင်း ရောင်းချနေသော  အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၇၅၀၀၀)  ကျပ်၊  ဧည့်မထဆန်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၃၀၀၀)  ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကြက်သွန်နီ (ကြီး)တစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူရှမ်းမွှာတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငြုပ်ခြောက်အရှည်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငြုပ်ခြောက်အပွတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။

      အသားငါးဈေးနှုန်းများမှာ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ဒေသကြက်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ cp ကြက်တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၇၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း မြို့မဈေးအတွင်းရှိ ဈေးရောင်းချသူ လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(ပဲခူး)