မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် ၁၅.၅.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား စျေးနှုန်းတည်ငြိမ်ရေးအတွက် သထုံမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်အတွင်းရှိ ချောစုစက်သုံးဆီ အရောင်းဆိုင်၊ Kyaw San စက်သုံးဆီအရောင်းဆိုင်၊ DANKO စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီအမျိူးအစားအလိုက် စျေးနှုန်းမြင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ရာ စျေးနှုန်းမြင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)