Main menu

ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၌ လုပ်ငန်းရှင်ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပုသိမ်ခရိုင်ဦးစီးမှူးနှင့် ကျုံပျော်မြို့နယ်တာဝန်ခံသည် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဧပြီလ (၂)ရက်နေ့၊  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များ၏ ဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

       ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးက ဆီထုတ်ကိုယ်စားလှယ်များအား စားအုန်းဆီများဖြန့်ဖြူးရာ၌ ဌာနမှထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိစေရန် အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)