Main menu

မုန့်လုပ်ငန်းများအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

 

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှဝန်ထမ်းများနှင့် ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊မေလ(၈)ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ Sweet Tasty တံဆိပ် ကိတ်/ပေါင်မုန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ရွှင်ရှန်းတံဆိပ်ကိတ်/ပေါင်မုန့်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့စစ်ဆေးရာတွင် Sweet Tasty တံဆိပ် ကိတ်မုန့်/ပေါင်မုန့်နှင့် ရွှင်ရှန်းတံဆိပ်ကိတ်/ ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီးထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိ သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် လုပ်ငန်းရှင်များ အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊  လုပ်ငန်းတွင် အသုံးပြုသောစက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်း မှတ်ပုံတင်များ၊ ထောက်ခံချက်များပြုလုပ်ဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)