Main menu

ပခုက္ကူမြို့ သကြားပြောင်းဖူးဈေးကွက်

Powered by Drupal

       နေ့စဉ်လူနေမှုစားသောက်ကုန်များထဲမှ အမျှင်ဓာတ်များစွာ ကြွယ်ဝပြီး အဆုတ်နှင့်ပတ်သက်သည့် ရောဂါများကို ကာကွယ်ပေးခြင်းအပြင် လူသားအားလုံး၏ ကျန်းမာရေးကို ကူညီထောက်ပံ့ပေးသည့် သကြားပြောင်းဖူးကို လူကြီးလူငယ်မရွေး ဝယ်ယူစားသုံးမှု မြင့်မားလျက်ရှိပါသည်။

          ပခုက္ကူဈေးကွက်သို့ သကြားပြောင်းဖူးများ နေ့စဉ်ဝင် ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းရွာများဖြစ်သည့် ကံလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း ကျေးရွာများနှင့်မြစ်ခြေ၊ ကမ္မမြို့များအပြင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမှအများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။

          ဈေးနှုန်းဈေးကွက်အနေဖြင့် သကြားပြောင်းဖူး(ကြီး) တစ်ဖူးလျှင် ကျပ်(၄၀၀)၊ သုံးဖူးလျှင် ကျပ်(၁၀၀၀)၊ အဖူးသေးလျှင် ငါးဖူး ကျပ်(၁၀၀၀)၊ ပြောင်းဖူးစေ့(အစို) နို့ဆီတစ်ဘူးလျှင် ကျပ်(၃၀၀)၊ နှစ်ဘူး ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ သင်္ကြန်ပြီးကာလ ပြောင်းဖူးဈေးအနည်းငယ် ကျဆင်းသွားကြောင်း၊ စားသုံးသူများအနေဖြင့် ရာသီမရွေး အလွယ်တကူဝယ်ယူရရှိပြီး ဈေးနှုန်းသင့်တင့်မျှတမှုရှိ၍ ကျန်းမာရေးအထောက်အကူပြု ပြောင်းဖူး(ချို)ကို ဝယ်ယူစားသုံးမှုများကြောင်း သီးနှံ ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)