Main menu

၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း မကွေး/ချောက်ခရိုင်၏ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်အလက်များ၊ ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/ မရှိနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/မရှိတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

      မကွေး/ ချောက်ခရိုင်အတွင်းရှိ မြို့နယ်များမှ ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်အလိုက်ဆောင်ရွက်မှုမှာ  မကွေးမြို့နယ်၌ (၅)ကြိမ်၊ တောင်တွင်းကြီးမြို့နယ်၌ (၂)ကြိမ်၊ မြို့သစ်မြို့နယ်၌ (၂)ကြိမ်၊ နတ်မောက်မြို့နယ်၌ (၂)ကြိမ်၊ ချောက်မြို့နယ်၌ (၂)ကြိမ်၊ ရေနံချောင်း မြို့နယ်၌ (၂)ကြိမ်၊ စုစုပေါင်း(၁၅)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)